SINOVAC COVID-19 Vaccine Authorized for Commercial Sale in Myanmar
Yangon, Myanmar- 8 November, 2021
Sea Lion Group is pleased to announce a collaboration with Sinovac Biotech Ltd. (SINOVAC) to facilitate the commercial sale and distribution of SINOVAC CoronaVac® COVID-19 vaccines in Myanmar starting mid-November 2021. Myanmar was recently battered by the country’s third wave of COVID-19 infections, placing pressure on both public and private healthcare resources. Packed hospitals and oxygen shortages demonstrated the need for effective vaccines and a universal vaccination program. SEA LION has been at the forefront of the private sector’s efforts to bear the brunt of the deadliest wave to hit Myanmar, providing a wide array of products and services that have been irreplaceable in saving lives impacted most by the virus.
Group CEO of SEA LION Dr. Win Zaw Aung said, “In spite of the unprecedented strain on Myanmar’s healthcare system and a contracting economy, SEA LION has managed to procure and offer an extensive range of essential emergency response medical products vital for COVID-19 prevention, diagnosis, and treatment. By adding a WHO-approved COVID-19 vaccine developed by SINOVAC to our portfolio, we will now be able to provide the most comprehensive suite of products designed to combat the pandemic in Myanmar.”
The CoronaVac® is innovated and manufactured by SINOVAC, a pharmaceutical company based in Beijing. In China, the CoronaVac® was cleared for Emergency Use Authorization in June 2020, conditional marketing use on 5 February 2021, and emergency use for children aged 3-17 in May 2021. On 1 June 2021, the WHO approved this vaccine for emergency use. As of September 2021, more than 50 countries have authorized the vaccine for emergency use or marketing use with conditions, 6 of which have cleared it for children. In Myanmar, the CoronaVac® vaccine has been in use since 8 August 2021.
On 1 November 2021, the Myanmar FDA has officially granted SEA LION the importation approval for commercial sale of the CoronaVac® vaccine for people aged 12 and above. SEA LION is planning to receive the first batch of vaccines in mid-November. Dr. Win continued to say that Sea Lion Group’s logistic arm, SLDS Co. is capable of and has been authorized to store and distribute COVID-19 vaccines of all three temperature requirements and that SLDS has already successfully provided end-to-end storage and distribution services for 250,000-plus doses of COVID-19 vaccines to vaccination sites in over 30 cities in Myanmar.
About SINOVAC
SINOVAC Biotech Ltd. is a China-based biopharmaceutical company that focuses on the research, development, manufacturing, and commercialization of vaccines that protect against human infectious diseases. SINOVAC's product portfolio includes vaccines against COVID-19, enterovirus71 (EV71), hepatitis A and B, seasonal influenza, 23-Valent pneumococcal polysaccharide ("PPV"), H5N1 pandemic influenza (avian flu), H1N1 influenza (swine flu), varicella, mumps and Poliomyelitis. SINOVAC's COVID-19 vaccine, CoronaVac®, has been granted emergency use approval or conditional marketing authorization by over 50 countries or regions worldwide. Healive®, the hepatitis A vaccine manufactured by the Company, has passed the assessment under WHO prequalification procedures in 2017. The EV71 vaccine, an innovative vaccine developed by SINOVAC against hand foot and mouth disease caused by EV71, was commercialized in China in 2016. In 2009, SINOVAC was the first company worldwide to receive approval for its H1N1 influenza vaccine, which it has supplied to the Chinese Government's vaccination campaign and stockpiling program. The Company is also the only supplier of the H5N1 pandemic influenza vaccine to the government stockpiling program. In 2021, SINOVAC's Sabin-strain inactivated polio vaccine was approved for registration. The Company is developing several new products including combined vaccines. SINOVAC primarily sells its vaccines in China, while also exploring growth opportunities in international markets. The Company is seeking market authorization of its products in over 30 countries outside of China. For more information, please see the Company's website at www.sinovac.com.
About SEA LION
SEA LION is a key player in the emerging Myanmar private healthcare sector, partnering with renowned global and regional brands including GE Healthcare, Johnson and Johnson, Medtronic, Abbott, BD, Festo, IBM, and Bangkok Dusit Medical Services PLC (BDMS) in healthcare, vocational education, industrial automation, and information technologies, many of which have never before set foot in Myanmar. SEA LION carries a wide range of quality healthcare products and services managed by a team of competent professionals, and has been relentlessly improving quality of care by enhancing effective utilization of advanced medical technologies. For more information, please see the Company's website at www.sealiongroup.com.
SINOVAC ကိုဗစ်-၁၉ ကာကွယ်ဆေး မြန်မာနိုင်ငံတွင် တရားဝင်တင်သွင်းရောင်းချခွင့်ပြု
ရန်ကုန်၊ မြန်မာ - ၈ နိုဝင်ဘာ ၂၀၂၁
Sea Lion Group မှ Sinovac Biotech Ltd. (SINOVAC) ဖြင့် မိတ်ဖက်ပူးပေါင်း၍ SINOVAC CoronaVac® ကိုဗစ်-၁၉ ကာကွယ်ဆေးများ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလလယ် မှစတင်၍ ရောင်းချဖြန့်ဖြူးခြင်းကိုဆောင်ရွက် တော့မည်ဖြစ်ကြောင်း ပူးတွဲသတင်းထုတ်ပြန်လိုက်ပါသည်။ မကြာမီအချိန်က မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သော ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း၏ ကြီးမားသောရိုက်ခတ်မှုကြောင့် အစိုးရနှင့်ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍနှစ်ခုလုံးတွင် အခက်အခဲများစွာ ကြုံတွေ့ရင်ဆိုင်ခဲ့ကြရပါသည်။ ဆေးရုံများတွင်လူနာများအလွန်များပြားခြင်းနှင့် အောက်ဆီဂျင် လုံလောက်မှုမရှိခြင်းများဖြစ်ပေါ်ခဲ့ရခြင်းသည် နိုင်ငံတဝှမ်းထိရောက်သော ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်များ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ရန်လိုအပ်လျက်ရှိကြောင်း ပေါ်လွင်စေခဲ့ပါသည်။ ထိခိုက်ဆုံးရှုံးမှု အကြီးမားဆုံး ဖြစ်ခဲ့သော ကိုဗစ်တတိယလှိုင်း မကျရောက်မီကတည်းကပင် SEA LION သည် ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းတစ်ခု အနေဖြင့် လူ့အသက်ပေါင်းများစွာကို ကယ်တင်ပေးနိုင်သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ စမ်းသပ် စစ်ဆေး၊ ကုသ ရေးဆိုင်ရာ ဆေးစ္စည်းအမျိုးအစားပေါင်းများစွာနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို ပြင်ဆင်ဆောင်ရွက်ခဲ့ပါသည်။
SEA LION ၏ Group CEO ဒေါက်တာဝင်းဇော်အောင် မှ “မြန်မာနိုင်ငံတွင်ကျန်းမာရေးနှင့် စီးပွားရေးကဏ္ဍများတွင် မျှော်လင့်မထားသော အခက်အခဲများနှင့် အကျပ်အတည်းများကြုံတွေ့နေရသော်လည်း SEA LION သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ရောဂါရှာဖွေခြင်းလုပ်ငန်းများတွင်အသုံးပြုသည့် အရေးပေါ်တုံ့ပြန်ရေး ဆေးပစ္စည်းများကို လိုအပ်သောနေရာများအတွက် ထောက်ပံ့ပေးနိုင်ခဲ့ပါသည်။ ယခုအခါ WHO အသိအမှတ်ပြု SINOVAC မှ ထုတ်လုပ်သည့် CoronaVac® ကိုဗစ်-၁၉ ကာကွယ်ဆေးအား ထပ်မံတင်သွင်းဖြန့်ဖြူးပေးနိုင်ခြင်းဖြင့် SEA LION သည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသောကမ္ဘာ့ကပ်ရောဂါကြီးကို တွန်းလှန်တိုက်ခိုက်ရာတွင် အသုံးပြုသည့် ဆေးပစ္စည်းများ အစုံလင်ဆုံးထောက်ပံ့ပေးနိုင်သော လုပ်ငန်းစုတစ်ခု ဖြစ်လာမည်ဖြစ်ပါသည်။”
တရုတ်နိုင်ငံ၊ ပေကျင်းမြို့တွင်တည်ရှိသော ဆေးဝါးကုမ္ပဏီတစ်ခုဖြစ်သည့် SINOVAC မှ ထုတ်လုပ်သည့် CoronaVac® ကာကွယ်ဆေးအား တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် လူအများအသုံးပြုနိုင်ရန်အတွက် အရေးပေါ်အသုံးပြုခွင့်ကို ၂၀၂၀ ခုနှစ် ဇွန်လတွင်လည်းကောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၅) ရက်နေ့တွင် အကန့်အသတ်ဖြင့်ရောင်းချခွင့်ကို လည်းကောင်း၊ ၂၀၂၁ ခုနှစ် မေလ တွင် အသက် (၃) နှစ်မှ (၁၇) နှစ်အရွယ်အတွက် အရေးပေါ်အသုံးပြုခွင့်ကို လည်းကောင်း ထပ်မံရရှိခဲ့ပါသည်။ WHO မှ အရေးပေါ်အသုံးပြုခွင့်ကို ၂၀၂၁ ခုနှစ် ဇွန်လ (၁) ရက်နေ့တွင် ရရှိခဲ့ပါ သည်။ ၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ နိုင်ငံပေါင်း (၅၀) ကျော်တွင် ၎င်းကာကွယ်ဆေးကို ထိုးနှံ လျက်ရှိပြီး ၎င်းနိုင်ငံများအနက်မှ (၆) နိုင်ငံတွင် ကလေးများကိုပါ ထိုးနှံပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံတွင်လည်း CoronaVac® ကာကွယ်ဆေးကို ၂၀၂၁ ခုနှစ် သြဂုတ်လ (၈) ရက်နေ့မှ စတင်ထိုးနှံပေးလျက်ရှိပါသည်။
မြန်မာနိုင်ငံအစားသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ SEA LION အား ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၁) ရက်နေ့တွင် CoronaVac® ကာကွယ်ဆေးကို တရားဝင် တင်သွင်းဖြန့်ဖြူးရောင်းချခွင့်ပြုခဲ့ပါသည်။ ကာကွယ်ဆေး ပထမအသုတ် အား နိုဝင်ဘာလလယ်တွင် မြန်မာနိုင်ငံသို့ရောက်ရှိနိုင်ရန်အတွက် SEA LION မှ စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ဆက်လက်၍ ဒေါက်တာ ဝင်းဇော်အောင် မှ Sea Lion Group ၏ သိုလှောင်၊ သိမ်းဆည်း၊ ဖြန့်ဖြူးရေးဝန်ဆောင်မှု လုပ်ငန်းဖြစ်သည့် SLDS Co Ltd သည် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို လိုအပ်သည့်သတ်မှတ်အပူချိန်များအတိုင်း သိုလှောင်၊ သိမ်းဆည်း၊ ဖြန့်ဖြူးနိုင်ခြင်းတို့အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ တရားဝင်အသိအမှတ်ပြုမှုရရှိထားပြီး ဖြစ်သည့်အပြင် ကိုဗစ်-၁၉ ကာကွယ်ဆေးအလုံးပေါင်း ၂၅၀,၀၀၀ ကျော် ကို မြန်မာနိုင်ငံရှိ မြို့ပေါင်း (၃၀) ကျော်သို့ အောင်မြင်စွာ ပို့ဆောင်ဖြန့်ဖြူးပေးနိုင်ခဲ့သောကုမ္ပဏီတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
SINOVAC အကြောင်း
SINOVAC Biotech Ltd သည် တရုတ်နိုင်ငံအခြေစိုက် ဇီဝဆေးဝါးကုမ္ပဏီတစ်ခုဖြစ်ပြီး လူသားများတွင်ဖြစ်ပွားသော ကူးစက်ရောဂါများအတွက် ကာကွယ်ဆေးများကို သုတေသနပြုလုပ်ခြင်း၊ ထုတ်လုပ်ခြင်းနှင့် ရောင်းချဖြန့်ဖြူးခြင်း လုပ်ငန်းများကိုအဓိကထားလုပ်ဆောင်လျက်ရှိသော ကုမ္ပဏီတစ်ခုဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအပြင် SINOVAC မှ ထုတ်လုပ်သော အခြားကာကွယ်ဆေးများမှာ enterovirus71 (EV71), အသည်းရောင်ရောဂါ (အေ နှင့် ဘီ)၊ ရာသီတုပ်ကွေးရောဂါ၊ ပြင်းထန်အဆုတ်ရောင်ရောဂါ၊ H5N1 တုပ်ကွေးရောဂါ (avian flu)၊ H1N1 တုပ်ကွေး ရောဂါ (swine flu)၊ ရေကျောက်ရောဂါ၊ ပါးချိတ်ရောင်ရောဂါ နှင့် ပိုလီယိုရောဂါတို့အတွက် ကာကွယ်ဆေးများပါဝင် ပါသည်။ CoronaVac® ကိုဗစ်-၁၉ ကာကွယ် ဆေးကို နိုင်ငံပေါင်း (၅၀) ကျော်တွင် အရေးပေါ်အသုံးပြုခွင့် သို့မဟုတ် အကန့်အသတ်ဖြင့်ရောင်းချခွင့်ကို ရရှိထားပြီး ကုမ္ပဏီမှထုတ်လုပ်ထားသော အသည်းရောင်ရောဂါ (အေ) Healive® ကာကွယ်ဆေးသည် WHO ၏ အရည်အသွေးစစ်ဆေးခြင်းကို ၂၀၁၇ ခုနှစ်တွင် အကဲဖြတ်အောင်မြင်ခဲ့သည်။ ခြေ၊ လက်၊ ပါးစပ် အနာပေါက်ရောဂါ (Hand, Foot, and Mouth Disease) EV71 အတွက် ကာကွယ်ဆေးကို တရုတ်နိုင်ငံတွင် ၂၀၁၆ ခုနှစ်တွင် စတင်ရောင်းချဖြန့်ဖြူးခဲ့ပါသည်။ ၂၀၀၉ ခုနှစ်တွင် H1N1 တုပ်ကွေးကာကွယ်ဆေးသည် ကမ္ဘာပေါ် တွင် ပထမဆုံးအသိအမှတ်ပြုခြင်းခံရပြီး တရုတ်နိုင်ငံအစိုးရ၏ ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် ထောက်ပံ့ပေးနိုင် ခဲ့သည်။ H5N1 တုပ်ကွေး ကာကွယ်ဆေးသည်လည်း တရုတ်နိုင်ငံအစိုးရ၏ ကာကွယ်ဆေးထိုး လုပ်ငန်းအတွက် အသုံးပြုသည့် တစ်ခုတည်းသောကာကွယ်ဆေးဖြစ်ပြီး Sabin-strain Inactivated ပိုလီယိုရောဂါကာကွယ်ဆေးကို ၂၀၂၁ ခုနှစ်တွင် မှတ်ပုံတင်ခွင့်ရရှိခဲ့သည်။ SINOVAC သည် ပေါင်းစပ်ကာကွယ်ဆေးအသစ်များစွာကို စမ်းသပ် ထုတ်လုပ်လျက်ရှိပါသည်။ ကုမ္ပဏီအကြောင်း အသေးစိတ်ကို www.sinovac.com တွင် လေ့လာနိုင်ပါသည်။
Sea Lion Group အကြောင်း
SEA LION သည် မြန်မာနိုင်ငံပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုတွင် အရေးပါသောအခန်းကဏ္ဍမှ လုပ်ကိုင် ဆောင်ရွက်လျက်ရှိပြီး GE Healthcare, Johnson & Johnson, Medtronic, Abbott, BD, Festo, IBM နှင့် Bangkok Dusit Medical Services PLC (BDMS) များအပါအဝင် ကျန်းမာရေး၊ စက်မှု သက်မွေးပညာ၊ စက်မှုအလိုအလျောက် နည်းပညာ၊ သတင်းနှင့် နည်းပညာကဏ္ဍတို့တွင် မြန်မာနိုင်ငံ၌ ယခင်က တစ်ကြိမ်တစ်ခါမျှ အခြေချလုပ်ကိုင်ခဲ့ဖူးခြင်း မရှိသော ဒေသတွင်းနှင့်ကမ္ဘာကျော် စီးပွားရေးလုပ်ငန်းများစွာနှင့်ပါ တရားဝင်ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။ SEA LION သည် ကဏ္ဍအသီးသီးမှ ကျွမ်းကျင်သူများ ဦးဆောင်စီမံ၍ နည်းပညာမြင့်မားသော ဆေးပစ္စည်းအမျိုးအစား များစွာကို ဖြန့်ဖြူးခြင်းနှင့် အရည်အသွေးပြည့်ဝသော ကျန်းမာရေး စောင့်ရှောက်မှုများကို ဝန်ဆောင်မှုပေးနေသော လုပ်ငန်းစုတစ်ခုဖြစ်ပါသည်။ Sea Lion Group သည် အဆင့်မြင့်နည်းပညာများကို တွင်ကျယ်စွာအသုံးပြုလျက် မြန်မာနိုင်ငံ၏ကျန်းမာရေး စောင့်ရှောက်မှုအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်အတွက် အစဉ်ကြိုးပမ်းလျက် ရှိပါသည်။ ကုမ္ပဏီအကြောင်း အသေးစိတ်ကို www.sealiongroup.com တွင် လေ့လာနိုင်ပါသည်။