Sea Lion Group’s newest member CLL Immunisation Centre hosting an open house celebration

Yangon, Myanmar – 16 March 2022

CLL Immunisation Centre (the newest member of Sea Lion Group) is hosting an open house to celebrate its opening on 16th and 17th March 2022. On the first day of the event, Myanmar Chinese Chamber of Commerce (MCCOC) and CLL Immunisation Centre sign a Memorandum of Understanding (MOU) on collaboration for vaccination of members of MCCOC, its sister associations and affiliated organisations.

CLL Immunisation Centre is a privately-run facility located in Thuwunna, Thingangyun township, Yangon on a 7-acre plot designed to hold over 300 cars and vaccinate up to 2,000 persons every day, while stringently upholding COVID-19 safety precautions. To respect your privacy, vaccinations and pre-vaccination medical assessments will be performed in individual rooms.

CLL offers Drive-Thru Vaccination, which is simple, safe and effective, with full infection prevention and control procedures to senior citizens and those who are having difficulty walking and who refrain themselves from going to crowded places, hospitals, and clinics concerning risks of cross-infection.

Dedicated teams of professionals have been rigorously trained to handle the vaccines every step of the way, from the moment that they are received at CLL Immunisation Centre to when they are injected. CLL Immunisation Centre provides 24-hour monitoring of quality vaccines using Cloud based Real-time Temperature Monitoring and Alert System. In case of deviation in storage temperature, there will be an automatic alert to staff.

Like any other medications, vaccines have a small chance of triggering unexpected adverse allergic reactions. If such an emergency occurs, all vaccination rooms at CLL Immunisation Centre are equipped with emergency life-saving medications as well as rigorous protocols to notify the on-site Emergency Medical Team, which is staffed by experienced and skilled healthcare professionals, for providing the necessary treatment.

Group CEO of SEA LION Dr. Win Zaw Aung said, “Amid challenges from COVID-19 pandemic and rising demand for vaccinations, CLL Immunisation Centre is established to provide safe and quality immunisation to protect from COVID-19 and to reduce the burden of other vaccine-preventable diseases.”

CLL aims to be a trusted Immunisation Centre of Excellence in the private sector and make the best arrangements to ensure safe administration of quality vaccines.

For more information on CLL Immunisation Centre, please visit www.cllvax.com, Facebook page         CLL - Care for Life and Longevity and contact our call centre at 09 880 442233.

Sea Lion Group စီးပွားရေးလုပ်ငန်းစုမှ လုပ်ငန်းခွဲသစ်တစ်ခုဖြစ်သည့် CLL ကာကွယ်ဆေးထိုးစင်တာမိတ်ဆက်

 

ရန်ကုန်၊ မြန်မာ - ၁၆ မတ်လ ၂၀၂၂

Sea Lion Group ၏ လုပ်ငန်းခွဲသစ်တစ်ခုဖြစ်သည့် CLL ကာကွယ်ဆေးထိုးစင်တာ ဖွင့်လှစ်ခြင်း မိတ်ဆက်ပွဲကို ၂၀၂၂ ခုနှစ် မတ်လ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့တို့တွင် ကျင်းပပြုလုပ်ခြင်း ဖြစ်ပါသည်။ အဆိုပါမိတ်ဆက်ပွဲ၏ ပထမနေ့တွင် မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်နှင့် CLL ကာကွယ်ဆေးထိုးစင်တာတို့အကြား အသင်းချုပ်၏အသင်းဝင်များ၊ ညီနောင်/မိတ်ဖွဲ့အသင်းနှင့် အဖွဲ့အစည်းများအတွက် ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကိုလည်း လက်မှတ်ရေးထိုး ကြပါသည်။

CLL ကာကွယ်ဆေးထိုးစင်တာသည် မြန်မာနိုင်ငံ၏ ပုဂ္ဂလိက ကာကွယ်ဆေးထိုးခြင်း သီးသန့်စင်တာတစ်ခု ဖြစ်ပြီး  မြေ (၇) ဧကခန့် ကျယ်ဝန်းပြီး ကားအစီးရေ (၃၀၀) ကျော်ရပ်နားနိုင်သော ရန်ကုန်မြို့၊ သင်္ဃန်းကျွန်း မြို့နယ်၊ သုဝဏ္ဏ၊ ပေါ်ဆန်းမွှေးလမ်းပေါ်တွင်တည်ရှိပါသည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးခြင်း လမ်းညွှန်မှုများနှင့်အညီ တစ်ရက်လျှင် လူဦးရေ (၂၀၀၀) ကျော်အထိ ကာကွယ်ဆေးများထိုးနှံနိုင်ရန် စီစဉ်ထားရှိပြီး ကာကွယ်ဆေးမထိုးနှံမီ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ဆေးထိုးနှံခြင်းတို့ကို တစ်ဦးချင်း Privacy ရှိစေရန် သီးသန့်အခန်းငယ်များ စီစဉ်ထားရှိပါသည်။

အသက်အရွယ်ကြီးသူများ၊ လမ်းလျှောက်ရန်ခက်ခဲသူများနှင့် တစ်ဦးနှင့်တစ်ဦးရောဂါကူးစက်ခြင်းအား အလွန်အမင်းစိုးရိမ်သူများအတွက် Drive Through Vaccination (မိမိကားပေါ်တွင်ပင် ကာကွယ်ဆေးထိုးနှံခြင်း) ဝန်ဆောင်မှုများကိုလည်း CLL တွင်ရရှိနိုင်ပါသည်။

CLL ကာကွယ်ဆေးထိုးစင်တာတွင် ကာကွယ်ဆေးများလက်ခံရရှိသည့်အချိန်မှစ၍ ကာကွယ်ဆေးထိုးနှံပြီးသည် ထိ အဆင့်တိုင်းတွင် သေချာစွာလေ့ကျင့်ပေးထားသောဝန်ထမ်းများမှကာကွယ်ဆေးများကို အအေးလမ်းကြောင်း ပျက်ယွင်းမှုမရှိစေဘဲ စနစ်တကျ ကိုင်တွယ်၊ သယ်ယူပို့ဆောင်ပါသည်။ ကာကွယ်ဆေးများကို သိမ်းဆည်းရာ တွင်လည်း သတ်မှတ်အပူချိန် အတွင်း ရှိ/မရှိ (၂၄) နာရီ အချိန်ပြည့် Cloud based Real-time Temperature Monitoring and Alert System ဖြင့် မှတ်တမ်းတင်ပြီး သတ်မှတ်အပူချိန်မှ တိမ်းစောင်းသွားသည့်အခါတွင် တာဝန်ရှိသူများကို အလိုအလျောက်အချက်ပြအသိပေးမှာဖြစ်ပါသည်။

အခြားသောဆေးဝါးများနည်းတူ ကာကွယ်ဆေးများသည်လည်း ထိုးနှံပြီးနောက် (ဖြစ်နိုင်ချေအလွန်နည်း သော်လည်း) ဓါတ်မတည့်ခြင်းအစရှိသော မမျှော်လင့်ထားသည့်နောက်ဆက်တွဲကျန်းမာရေးပြဿနာများ ဖြစ်နိုင်ပါသည်။ CLL ကာကွယ်ဆေးထိုးစင်တာ၏ ကာကွယ်ဆေးထိုးခန်းတိုင်းတွင် အရေးပေါ်သုံးဆေးဝါးများ ထားရှိထားပြီး အရေးပေါ်ကုသရေးအဖွဲ့ (Emergency Medical Team) မှ လိုအပ်သောကုသမှုများအချိန်မီ ပေးနိုင်ရန် ပြည့်စုံလုံလောက်သော အရေးပေါ်သုံးဆေးကိရိယာနှင့် ဆေးဝါးများ စီစဉ်ထားရှိထားပါသည်။

SEA LION လုပ်ငန်းစု၏ Group CEO Dr. Win Zaw Aung မှလည်း “ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါရဲ့ စိန်ခေါ်မှု တွေနဲ့ အရည်အသွေး ပြည့်ဝတဲ့ကာကွယ်ဆေးတွေထိုးနှံဖို့ လိုအပ်ချက်မြင့်တက်လာတဲ့အတွက်  ကိုဗစ်-၁၉ ရောဂါအပါအဝင် ကာကွယ်ဆေးနဲ့ကြိုတင်ကာကွယ်နိုင်တဲ့အခြားရောဂါတွေ ကူးစက်ဖြစ်ပွားခြင်းကိုလျှော့ချ နိုင်ဖို့ရည်ရွယ်ပြီး CLL ကာကွယ်ဆေးထိုးစင်တာကို တည်ထောင်ဖွင့်လှစ်ထားတာဖြစ်ပါတယ်။” ဟု ပြောကြား သွားပါသည်။

ပုဂ္ဂလိက ကဏ္ဍ၌ ယုံကြည်စိတ်ချရဆုံးသော ကာကွယ်ဆေးထိုးစင်တာ (Immunisation Centre of Excellence) အဖြစ် ရည်ရွယ်တည်ထောင်ထားခြင်းဖြစ်သောကြောင့် အန္တရာယ်ကင်းပြီးအရည်အသွေးပြည့်ဝသော ကာကွယ်ဆေးထိုးနှံမှုနှင့် နွေးထွေးသောဝန်ဆောင်မှုတို့ကို CLL ကာကွယ်ဆေးထိုးစင်တာတွင် ရရှိနိုင်ပါသည်။

CLL ကာကွယ်ဆေးထိုးစင်တာအကြောင်းအသေးစိတ်သိရှိလိုပါက အင်တာနက်စာမျက်နှာ www.cllvax.com , ဖေ့စ်ဘွတ်ခ်စာမျက်နှာ CLL - Care for Life and Longevity တို့မှတဆင့် လေ့လာနိုင်ပြီး Call Centre ဖုန်း      09 880 442233 ကိုဆက်သွယ်မေးမြန်းနိုင်ပါသည်။