Sea Lion Education and Social Fund မှ ပံ့ပိုးမည့် Scholarship Program အတွက် Expression of Interest (EOI) သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်

IMG_20190731_102038.jpg

ရန်ကုန်၊ မတ်လ (၂၆) ရက်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် မတ်လ (၂၅) ရက်နေ့၊ နံနက်ပိုင်းတွင် ဒဂုံမြို့နယ် (တောင်ပိုင်း)ရှိ Sea Lion Distribution Solution Center ၌ ကျင်းပပြုလုပ်ခဲ့သော Sea Lion Education and Social Fund မှ ပံ့ပိုးမည့် Scholarship Program အတွက် Expression of Interest (EOI) သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်ခဲ့ပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့် တာဝန်ရှိသူများသည် Sea Lion Distribution Solution Center ရှိ ခေတ်မီဆေးနှင့်ဆေးပစ္စည်းသိုလှောင်ရုံနှင့် ဆေးပစ္စည်းကိရိယာ ပြခန်းများကို လှည့်ရှုခဲ့ကြပါသည်။

ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်းနှင့် Sea Lion Group Managing Director ဒေါက်တာဝင်းဇော်အောင် တို့က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနရှိ အထူးပြုဘာသာရပ်များမှ ဆရာဝန်များ၊ သူနာပြုများနှင့် ကျွမ်းကျင်ပညာရှင်များ ပြင်ပနိုင်ငံများတွင် စနစ်တကျနှင့် ပြည့်စုံစွာ သင်ကြားနိုင်ရေးအတွက် Sea Lion Education and Social Fund မှ အမေရိကန် ဒေါ်လာ တစ်သန်း စတင်ရင်းနှီးမတည်၍ Scholarship Grant များ ပံ့ပိုးမည့် Expression of Interest (EOI) သဘောတူစာချုပ်ကို ပြည်ထောင်စုဝန်ကြီး၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။

အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် -

• ယခုကဲ့သို့ Expression of Interest (EOI) သဘောတူစာချုပ်လက်မှတ် ရေးထိုးခြင်းသည် ရှေ့ဆက်လက်၍ ဝန်ကြီးဌာနမှ ဝန်ထမ်းများ ပြင်ပနိုင်ငံများတွင် စနစ်တကျနှင့် ပြည့်စုံစွာ သင်ကြားနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းများအတွက် ကနဦးအစပင်ဖြစ်ပါကြောင်း၊

• Sea Lion Education and Social Fund မှ အနေဖြင့် ဝန်ကြီးဌာနမှ ဝန်ကြီးဌာနမှ ဆရာဝန်များ၊ သူနာပြုများနှင့် ကျွမ်းကျင်ပညာရှင်များ၏ စွမ်းဆောင်ရည် အရည်အသွေးများ ပိုမိုမြင့်မားလာစေရေး Scholarship Grant ပညာသင်ဆုများ ပံ့ပိုးမည်ကို ကျေးဇူးတင်ရှိပါကြောင်း၊

• ထိုသို့ စွမ်းဆောင်ရည်မြင့်မားသော ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ ပိုမိုထွက်ပေါ်လာခြင်းအားဖြင့် ဝန်ကြီးဌာနအတွက် ရေတိုကာလတွင်သာမက ရေရှည်ကာလတွင်ပါ များစွာအကျိုးရှိစေနိုင်မည် ဖြစ်ပါကြောင်း၊

• Sea Lion Education and Social Fund မှ Corporate Social Responsibility Support အနေဖြင့် ဝန်ကြီးဌာနကို ပံ့ပိုးဆောင်ရွက်ပေးခဲ့မှုများစွာရှိပါကြောင်း၊

• ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် မန္တလေးပြည်သူ့ဆေးရုံကြီးတို့တွင် Training and Conference Center တို့ တည်ဆောက်ရာတွင် ပံ့ပိုးပေးခဲ့သည့်အတွက် အဆိုပါ Training and Conference Center များတွင် သင်ကြားသင်ယူမှု အစီအစဉ်များ၊ ပညာရပ်နှီးနှောဖလှယ်ပွဲများ ပြုလုပ်နိုင်သည့်အတွက် များစွာ အကျိုးရှိပါကြောင်း၊

• ထို့အပြင် ဝန်ကြီးဌာနမှ ဝန်ထမ်းများ နိုင်ငံတကာတွင် ဆေးပညာရပ်အစည်းအဝေးများ၊ လက်တွေ့သင်ကြားမှုသင်တန်းများ၊ ဒီပလိုမာ သင်တန်းနှင့် fellowship သင်တန်းများ တက်ရောက်နိုင်ရေး ပံ့ပိုးပေးနေခဲ့မှုများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊

• ပညာတော်သင်များစေလွှတ်ရာတွင် စနစ်တကျရွေးချယ် စေလွှတ်နိုင်ရေး အထူးအလေးပေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

facebook link: https://www.facebook.com/199295433433103/posts/2511253338903956/