𝗤𝘂𝗮𝗹𝗶𝘁𝘆 𝗕𝗶𝗼𝗺𝗲𝗱𝗶𝗰𝗮𝗹 𝗘𝗻𝗴𝗶𝗻𝗲𝗲𝗿𝗶𝗻𝗴 (𝗕𝗠𝗘)/𝗠𝗲𝗱𝗶𝗰𝗮𝗹 𝗘𝗻𝗴𝗶𝗻𝗲𝗲𝗿𝗶𝗻𝗴 𝗦𝗔𝗩𝗘𝗦 𝗟𝗜𝗩𝗘𝗦

𝗧𝗵𝗲 𝗖𝗢𝗩𝗜𝗗-𝟭𝟵 𝗥𝗲𝘀𝗽𝗼𝗻𝘀𝗲 𝗘𝗳𝗳𝗼𝗿𝘁 𝗯𝘆 𝗦𝗲𝗮 𝗟𝗶𝗼𝗻

Biomedical/medical engineers at Sea Lion were busy planning, preparing, and proactively going to check critically necessary medical devices to treat COVID-19 patients well before the first confirmed patient was identified on 23 March 2020 in Myanmar- anticipating that Myanmar won’t be the exception. They wanted to ensure medical devices, supplied and installed by Sea Lion, would function properly for the diagnosis and treatment of patients with SARS-Cov-2 virus which had already been killing tens of thousands of patients in many other countries.

1.jpeg

Sea Lion only believes in quality which matters and saves lives. Quality medical equipment also require quality care by trained biomedical/medical engineers. Our biomedical engineers are equipped with full range of medical device testing equipment to verify and calibrate medical devices for patient safety and accuracy of parameters for more precise diagnoses and effective treatments. With the full support from Sea Lion with the protective gears and training for how to properly wear and remove Personal Protective Equipment (PPE), they feel safer and protected from contracting the virus while taking care of medical equipment installed in hospitals which treat COVID-19 patients.

Reliable preinstallation planning, installation, commissioning, application trainings, regular and corrective maintenance, diagnosis (fault finding) and repair by properly trained engineers, spare parts availability and readiness are all important in ensuring quality medical equipment do its works and our engineers are paying extraordinary attention during this time around.

2.jpeg
7 (1).jpg

Sea Lion’s biomedical engineers don’t stop working during this outbreak and lockdown. They are even working harder to do regular maintenance, installation, and repairs of medical equipment including ventilators, patient monitors, X-rays, CT scanners and ICU beds that are essential to diagnose and treat COVID-19 patients, hand in hand with Sea Lion’s applications specialists who help doctors, nurses and technicians on the frontlines to safely and properly use medical devices for the best diagnosis and treatment and to save more lives.

Thank you, healthcare workers, biomedical engineers and applications specialists.

 

အရည်အသွေးပြည့်မီသောဆေးဘက်ဆိုင်ရာအင်ဂျင်နီယာနည်းပညာရပ်ဖြင့်လူ့အသက်များကိုကယ်တင်ပေးနိုင်

Sea Lion ကုမ္ပဏီ၏ COVID-19 ကပ်ရောဂါတုံ့ပြန်ဆောင်ရွက်မှုတစ်ခု

Sea Lion မှ ဆေးဘက်ဆိုင်ရာအင်ဂျင်နီယာ (Biomedical/Medical Engineers) များသည် မြန်မာနိုင်ငံတွင် ပထမဆုံး COVID-19 လူနာကို မတ်လ (၂၃) ရက်၊ ၂၀၂၀ ခုနှစ်တွင် စတင်မတွေ့ရှိသေးခင်ကပင် မြန်မာနိုင်ငံတွင်ဖြစ်ပေါ် လာမည့်အခြေအနေကိုခန့်မှန်း၍ COVID-19 လူနာများကိုရောဂါရှာဖွေကုသရာတွင် မရှိမဖြစ် အရေးတကြီးလိုအပ်မည့်ဆေးဘက်ဆိုင်ရာစက်ပစ္စည်းများအတွက်ကြိုတင်ပြင်ဆင်မှုများနှင့်အတူ သွားရောက် စစ်ဆေးမှုများကို မအားမလပ်ဆောင်ရွက်နေခဲ့ကြပါသည်။ ကမ္ဘာ့တခြားနိုင်ငံများတွင် လူ့အသက်ပေါင်းများစွာကို ဆုံးရှုံးစေလျက်ရှိသော COVID-19 ရောဂါ ကူးစက်ခံစားနေရသည့်လူနာများကိုရောဂါရှာဖွေကုသရာတွင်အသုံးပြုသော Sea Lion မှ တင်သွင်း၊ တပ်ဆင်ထားသည့် ဆေးဘက်ဆိုင်ရာစက်ပစ္စည်းများ၏လုပ်ဆောင်ချက်များ တိကျသေချာမှုနှင့် အမှားအယွင်းကင်းမှုတို့အတွက်ကျွန်တော်တို့၏ ဆေးဘက်ဆိုင်ရာအင်ဂျင်နီယာများသည် အင်တိုက်အားတိုက် လုပ်ဆောင်နေခဲ့ကြပါသည်။

20200511_153229.jpg

အရည်အသွေးကောင်းမွန်ခြင်းသည် လူ့အသက်များကိုကယ်တင်ရာ၌အရေးကြီးဆုံးအရာတစ်ခုဟု ကျွန်တော်တို့ Sea Lion မှယုံကြည်ထားပါသည်။ အရည်အသွေးကောင်းမွန်သော ဆေးဘက်ဆိုင်ရာစက်ပစ္စည်းများကို တတ်ကျွမ်းသော ဆေးဘက်ဆိုင်ရာအင်ဂျင်နီယာများမှ အမြဲကိုင်တွယ်ထိန်းသိမ်းပြုပြင်ရန်အထူးလိုအပ်ပါသည်။ လူနာများကို တိကျသေချာစွာရောဂါရှာဖွေနိုင်ရန်နှင့် ထိရောက်သောကုသမှုများကိုပေးနိုင်ရန် ကျွန်တော်တို့၏ ဆေးဘက်ဆိုင်ရာအင်ဂျင်နီယာများသည် ဆေးဘက်ဆိုင်ရာစက်ပစ္စည်းများကို စမ်းသပ်စစ်ဆေးသည့်စက်ကိရိယာများအပြည့်အစုံဖြင့် ဆေးဘက်ဆိုင်ရာစက်ပစ္စည်းများ၏ လုပ်ဆောင်ချက်များကောင်းမွန်မှု ရှိ/မရှိ၊ တိကျသေချာမှု ရှိ/မရှိနှင့် လူနာများဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်ရန်ဆောင်ရွက်လျက်ရှိပါသည်။ Sea Lion မှ ရောဂါ ကူးစက်မှုကိုပြည့်ဝစွာကာကွယ်ပေးနိုင်သောတစ်ကိုယ်ရည်ကာကွယ်ရေးပစ္စည်း (Personal Protective Equipment - PPE) များပြည့်စုံစွာပံ့ပိုးပေးပြီး မှန်ကန်စွာဝတ်ဆင်အသုံးပြုနည်းတို့ကို သင်ကြားပေးမှုတို့ကြောင့် ကျွန်တော်တို့၏ဆေးဘက်ဆိုင်ရာအင်ဂျင်နီယာများသည် COVID-19 လူနာများကို ကုသပေးနေသောဆေးရုံများတွင် တပ်ဆင်အသုံးပြုနေသည့် ဆေးဘက်ဆိုင်ရာစက်ပစ္စည်းများကို သွားရောက်တပ်ဆင်ထိန်းသိမ်းပြုပြင်မှုများပြုလုပ်ရာတွင် ရောဂါပိုးမကူးစက်စေရန်လုံခြုံစိတ်ချမှုများရရှိပါသည်။

20200507_150434(0).jpg

ကျွမ်းကျင်သောအင်ဂျင်နီယာများမှ ဆေးဘက်ဆိုင်ရာစက်ပစ္စည်းများမတပ်ဆင်မီ ကြိုတင်ပြင်ဆင်မှုများ စီစဉ်ဆောင်ရွက်ခြင်း၊ တပ်ဆင်ခြင်း၊ အပြီးသတ်စစ်ဆေးအပ်နှံခြင်း၊ အသုံးပြုနည်းလက်တွေ့သင်ကြားပြသခြင်း၊ ရေရှည်ကြံ့ခိုင်မှုရှိစေရန်ပုံမှန်ထိန်းသိမ်းခြင်း၊ ချွတ်ယွင်းပြစ်ချက်ရှာဖွေခြင်း၊ ပျက်စီးနေသောအစိတ်အပိုင်းများအား ပြုပြင်လဲလှယ်ခြင်းများအပြင်စက်၏အစိတ်အပိုင်းအပိုစ္စည်းများ လုံလောက်စွာကြိုတင်မှာယူထားရှိခြင်းနှင့် အဆင့်သင့်ဖြစ်အောင်ပြင်ဆင်ဆောင်ရွက်ထားရှိခြင်းများသည် အရည်အသွေးပြည့်ဝသော ဆေးဘက်ဆိုင်ရာစက်ပစ္စည်းများ၏ လုပ်ဆောင်ချက်ကို ပြည့်ဝစွာအကျိုးရှိရှိအသုံးပြုနိုင်ရန်အတွက် လွန်စွာပင်အရေးကြီး ပါသည်။ ကျွန်တော်တို့၏အင်ဂျင်နီယာများသည် ယခုကဲ့သို့ကပ်ရောဂါဆိုးကျရောက်နေချိန်တွင် ပို၍အထူးအလေးထားဆောင်ရွက်လျက်ရှိပါသည်။

IMG-c74ae7cda42f593e9d2636469e59ec8c-V.jpg

ယခုကဲ့သို့တစ်ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါဖြစ်နေချိန်နှင့် လှုပ်ရှားသွားလာမှုများကိုကန့်သတ်ထားသည့်အခြေအနေမျိုးတွင် COVID-19 လူနာများကိုရောဂါရှာဖွေကုသရာတွင် မရှိမဖြစ်လိုအပ်သော အသက်ရှုစက် (Ventilator)၊ လူနာအခြေအနေစောင့်ကြည့်စက် (Patient Monitor)၊ ဓါတ်မှန်စက် (X-ray)၊ အဆင့်မြင့်ပုံရိပ်ဖော်စက် (CT Scanner) နှင့် အထူးကြပ်မတ်ဆောင်တွင်ထားရှိသောကုတင်များ (ICU Bed) အပါအဝင် ဆေးဘက်ဆိုင်ရာစက် ပစ္စည်းများ၏ အရေးပါမှုကိုသိရှိနားလည်ပြီး နေ့/ည မနားဘဲ ရှေ့တန်းတွင် လူနာများကိုပြုစုကုသပေးနေသော ဆရာဝန်များ၊ သူနာပြုများနှင့် ကျွမ်းကျင်ပညာရှင်များ ဆေးဘက်ဆိုင်ရာစက်ပစ္စည်းများကို မှန်ကန်တိကျစွာ အသုံးပြု၍ လူ့အသက်များပိုမိုကယ်တင်နိုင်ရန်အတွက် ကျွန်တော်တို့၏ ဆေးဘက်ဆိုင်ရာအင်ဂျင််နီယာများသည် Sea Lion မှ ဆေးဘက်ဆိုင်ရာစက်ပစ္စည်းများအသုံးပြုနည်းလက်တွေ့သင်ကြားပြသပေးသည့်ကျွမ်းကျင်သူများ (Applications Specialists) တို့နှင့်အတူ ဆေးဘက်ဆိုင်ရာစက်ပစ္စည်းများ ပုံမှန်စစ်ဆေးမှုများလုပ်ဆောင်ခြင်း၊ တပ်ဆင်ခြင်း၊ ထိန်းသိမ်းပြုပြင်ခြင်း၊ လက်တွေ့ အသုံးချရန်ပြသပေးခြင်းများကို နှိုးကြားတက်ကြွစွာလုပ်ဆောင် လျက်ရှိပါသည်။

COVID-19 လူနာများအား ရောဂါရှာဖွေကုသပေးနေသောကျန်းမာရေးဝန်ထမ်းများ၊ ကူညီဆောင်ရွက်ပေးနေသော ဆေးဘက်ဆိုင်ရာအင်ဂျင်နီယာများနှင့် ဆေးဘက်ဆိုင်ရာစက်ပစ္စည်းများ အသုံးပြုနည်းလက်တွေ့ သင်ကြားပြသပေးသည့်ကျွမ်းကျင်သူများအားလုံးအား ကျွန်တော်တို့ Sea Lion မှ ကျေးဇူးအထူးတင်ရှိပါသည်။